ဆီးချိုရောဂါ ရှိသူများအတွက် ဆောင်ရန် ရှောင်ရန် စားသုံးရန်
30-Dec-1899(က) လုံးဝ ရှောင်ရမည့် အစားအစာများ
သကြားနှင့် သကြားပါဝင်သော အစားအသောက်များ အားလုံးကို လုံးဝ (လုံးဝ ) ရှောင်ရပါမည်။ သကြား ၊ ဂလူးကို ့စ် ၊ ကြံသကာ ၊ ထန်းလျက် ၊ ယိုအမျိုးမျိုး ၊ ချိုချဉ် ၊ ချောကလက် ၊ အိုက်စ် ကရင် ၊ လမုန် ့ ၊ ထိုးမုန် ့၊ မလိုင်မုန် ့ ၊ အဖျော်ယမကာ အမျိုးမျိုး ၊ စည်သွပ်အမျိုးမျိုး
( ခ ) ကြိုက်သလောက် စားသုံးနိုင်သော အစားအစာများ
ဤ အစားအသောက်များကို မိမိနှစ်သက်ပါက စိတ်တိုင်းကျ စားသုံးနိုင်သည့်အပြင် ဗိုက်ဝ အောင်လည်း စားနိုင်ပါသည် ။
၁။ စိမ်းစိုသော ဟင်းရွက် အမျိုးမျိုး
ဗူးရွက် ၊ ကန် ့စွန်းရွက် ၊ မန်ကျည်းရွက် ၊ ချဉ်ပေါင်ရွက် ၊ ဆူးပုတ်ရွက် ၊ မြင်းခွါရွက် ၊ ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပွင့် ၊ ပန်းမုံလာ ၊ ကိုက်လန်ရွက် ၊ မုန်ညင်းရွက် များ ။
၂။ မချိုသော အသီးအမြစ်များ
ခရမ်းချဉ်သီး ၊ သံပုရာသီး ၊ ရှောက်သီး ၊ ဆီးဖြူသီး ၊ မျှစ် ၊ မုန်လာဥဖြူ ၊ ဗူးသီး ၊ ဂေါ်ရခါးသီး ၊ ခရမ်းသီး ၊ ကင်းပုံသီး ၊ ခဝဲသီး ၊ ရုံးပတီသီး ၊ ဂွေးချိုသီး ၊ သလဲသီး ။
၃။ သား / ငါး များ
ကြက် ၊ ဘဲ ၊ ဆိတ် ၊ အမဲ ၊ ဝက် ၊ ငါး ၊ ပုဇွန် ၊ ကြက်ဥ ၊ ငုံးဥ ။
၄။ ကော်ဖီ / လက်ဖက်ရည်
သကြား ၊ နို ့ဆီ ၊ နို ့မှှုန် ့ မသုံးရ ။ ဆက်ကရင် နှင့် အခြားအချိုတုများ သုံးနိုင်ပါသည် ။ နို ့ကိုလည်း အသင့်အတင်း သုံးနိုင်ပါသည် ။
( ဂ ) သင့်တင့်သော အတိုင်းအတာထိသာ စားသင့်သော အစားအစာများ
ဤအစားအသောက်များသည် ကစီဓါတ် အများဆုံး ပါရှိပါသည် ။မိမိနှင့် သင့်တော်သော တစ်နေ ့အတွက် ကစီဓါတ် ယူနစ် ပမာဏကို ဆရာဝန်နှင့် တိုင်ပင်ရန် လိုအပ်ပါသည် ။ ( မိမိဖြစ်နေသော အခြေအနေ အလုံးစုံသိသော မြင်သော ဆရာဝန်များကို ပြောကြားခြင်းဖြင့် အကုူအညီ ယူပါ )
၁။ ဆန်နှင့် ပြုလုပ်သော အစားအစာများ
ထမင်း ၊ ဆန်ပြုတ် ၊ မုန် ့တီ ၊ မုန် ့ဟင်းခါး ၊ ဆန်ခေါက်ဆွဲ ၊ ကောက်ညှင်း ။
၂။ ဂျုံ နှင့်ပြု ့လုပ်ထားသော အစားအစာများ
ခေါက်ဆွဲ ၊ ပေါင်မုန် ့ ၊ နံပြား ၊ ဂျပါတီ ၊ ပူတီ ၊ ဘီစကစ် ၊ အီကြာကွေး ၊ ထပ်တရာ ၊ ပလာတာ ၊ စမူဆာ ၊ ပေါက်စီ ။
၃။ ကစီဓါတ်များသော အသီးနှင့်ဥများ
အားလူး ၊ ရွှေဖရုံ ၊ ကန်စွန်းဥ ၊ ပိန်းဥ ၊ ခါကြက်ဥ ၊ ပဲအမျိုးမျိုး ၊ နာနတ်သီး ၊ လိမ္မော်သီး ၊ သရက်သီး ၊ဌက်ပျောသီး ၊ ပိန္နဲသီး ၊ မာလကာသီး ၊ သြဇာသီး ၊ ဒူးရင်သီး ၊ စိမ်းစားဥ ။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit :
Mg Mandalay